77 Camp – ပြင်ဦးလွင် – မန္တလေး ခရီးစဉ် (၄ည၅ရက်) – Phoe Thar Gyi Travels & Tours

ခရီးစဉ် ၁ ရက်နေ့ – ရန်ကုန် >> မန္တလေး

ညနေပိုင်းတွင် ရန်ကုန်မှမန္တလေးသို့ အဆင့်မြင့်လေအိတ်ကားဖြင့် စတင်ထွက်ခွာပါမည်။ ခရီးစဉ်ထွက်ခွာပြီးမကြာမီတွင် ခရီးသည်များ အဆာပြေသုံးဆောင်နိုင်ရန် မုန့်နှင့်အအေးများကျွေးမွေးပါမည်။ ညစာကို ၁၁၅မိုင်တွင် သုံးဆောင်ပါမည်။

 

ခရီးစဉ် ၂ ရက်နေ့ >>  77 Camp

မနက်အစောတွင် မန္တ‌လေးကိုရောက်ရှိပြီး မနက်စာသုံးဆောင်ကာ ပြင်ဉီးလွင်မြို့သို့ထွက်ခွာပါမည်။ ထို့နောက် မြို့‌ရှောင်လမ်း တွင်အလှဓါတ်ပုံများရိုက်ကူးပြီး ကန်‌တော်ကြီးနှင့် တိုင်းရင်းသားကျေးရွာသို့ဆက်လက်လည်ပါတ်ကာ ပြင်ဦးလွင်မှာပင် နေ့ လည်စာသုံးဆောင်ပါမည်။ နေ့လည်တွင်77 Camp ကိုရောက်ရှိပြီး Check in ဝင်ကာ အနားယူရင်းအလှဓါတ်ပုံများ ရိုက်ကူး ပါမည်။ ပြီးလျှင် ညစာသုံးဆောင်ပြီး အနားယူအိပ်စက်ပါမည်။

 

ခရီးစဉ် ၃ ရက်နေ့ >> ပြင်ဦးလွင်မြို့တွင်လည်ပါတ်ခြင်း

မနက်အစောတွင် နေထွက်ချိန်အလှကိုခံစားပြီး မနက်စာသုံးဆောင်ပါမည်။ ပြီးလျှင် ပြင်ဦးလွင်မြို့သို့တက်ကာ နေ့လည်စာ သုံးဆောင်ပါမည်။ ပိတ်ချင်းမြောင်ရေတံခွန်၊ နှင်းဆီခြံနှင့် ထင်းရှူးတော၊ မဟာအံ့ထူးကံသာဘုရားတို့ကို ဆက်လက်လည် ပါတ်ကာ လက်ဆောင်ပစ္စည်းများဝယ်ယူပါမည်။ ထို့နောက် ဟိုတယ် Check in ဝင်ကာ ခေတ္တအနားယူပြီး ညစာကို ဟိုတယ် မှာပင်သုံးဆောင်ကာ အနားယူအိပ်စက်ပါမည်။

 

ခရီးစဉ် ၄ ရက်နေ့ – မန္တလေးမြို့တွင်လည်ပါတ်ခြင်း

မနက်စာသုံးဆောင်ပြီး ဟိုတယ် check outလုပ်ကာ တောင်ပုလ View Pointသို့ သွားရောက်ပါမည်။ ပြီးလျှင် မန္တလေးမြို့ကို ထွက်ခွာပါမည်။ မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကိုဖူးမြော်ပြီး နေ့လည်စာသုံးဆောင်ပါမည်။ ကုသိုလ်တော်ဘုရားနှင့် ရွှေ ကျောင်းကိုလည်ပါတ်ပြီး မဟာဘောဓိနှင့် စန္ဒမုနိတို့ကိုဆက်လက်လည်ပါတ်ပြီး လက်ဆောင်ပစ္စည်းများဝယ်ယူပါမည်။ ထို့ နောက် မန္တလေးမြို့အထွက်ရှိ မဂ်လာစားသောက်ဆိုင်တွင် ညစာသုံးဆောင်ပါမည်။ ပြီးလျှင် ရန်ကုန်မြို့သို့ထွက်ခွာပါမည်။

 

ခရီးစဉ် ၅ ရက်နေ့ – မန္တလေး => ရန်ကုန်

မနက်အစောတွင် ရန်ကုန်မြို့သို့ရောက်ရှိမည်ဖြစ်ပါသည်။