စလေ – ပုဂံ – ပုပ္ပါး ခရီးစဉ် {၃ ညအိပ် ၄ ရက်} ခရီးစဉ် – Phoe Thar Gyi Travels & Tours

ရီးစဉ် ၁ ရက်နေ့ - ရန်ကုန် =>  ပုဂံ

ညနေပိုင်းတွင် ရန်ကုန်မှပုဂံသို့ အဆင့်မြင့်လေအိတ်ကားဖြင့် စတင်ထွက်ခွာပါမည်။ ခရီးစဉ်ထွက်ခွာပြီးမကြာမီတွင် ခရီးသည်များ အဆာပြေသုံးဆောင်နိုင်ရန် ပေါင်မုန့်နှင့်အအေးများကျွေးမွေးပါမည်။ ညစာကို ၁၁၅မိုင်တွင် သုံးဆောင်ပါမည်။

ခရီးစဉ် ၂ ရက်နေ့ - စလေမြို့နှင့်ပုဂံကိုလည်ပါတ်ခြင်း

မနက်အစောတွင် ကျောက်ပန်းတောင်းကိုရောက်ရှိပြီး ကျောက်ပန်းတောင်းမှာပင် မနက်စာသုံးဆောင်ကာ စလေမြို့ရှိ စလေ ရုပ်စုံကျောင်း၊ ဦးပုညကျောင်းတိုက်၊ ရှင်ပင်စာကြိုလှဘုရားနှင့် ဆင်ခေါင်းဆင်များရှင်ဘုရားသို့ လည်ပါတ်ပြီး အလှဓါတ်ပုံ များရိုက်ကူးပါမည်။ ထို့နောက် စလေဟောက်စ်တွင်နေ့လည်စာသုံးဆောင်ကာ ပုဂံသို့ခရီးဆက်ပါမည်။ နေ့လည်တွင် ဟိုတယ် Check in ၀င်ပြီး ခေတ္တအနားယူပါမည်။ ညနေတွင် အနီးရှိပုဂံဘုရားများကို စတင်ဖူးမြော်ပြီး အလှဓါတ်ပုံများရိုက်ကူးပါမည်။ ပြီးလျှင် နေဝင်ချိန်ကို ဧရာဝတီမြစ်မှာလှေစီးရင်းခံစားကြပါမည်။ ထို့နောက် ဟိုတယ်မှာပင်ညစာသုံးဆောင်ပြီး အိပ်စက်အ နားယူပါမည်။

ခရီးစဉ် ၃ ရက်နေ့ - ပုဂံမြို့တွင်လည်ပါတ်ခြင်း (full Day)

မနက်အစောတွင် နေထွက်ချိန်အလှကိုသွားရောက်ခံစားပြီး ဟိုတယ်သို့ပြန်ကာ မနက်စာသုံးဆောင်ပါမည်။ ပြီးလျှင် ပုဂံရှိ တန် ခိုးကြီးဘုရားများကို ဆက်လက်လည်ပါတ်ပါမည်။ နေ့လည်စာကို ရွှေတိုင်းကျော်တွင် သုံးဆောင်ပြီး ကျန်ရှိနေသောပုဂံဘုရားများ ကိုဆက်လက်ဖူးမြော်ပါမည်။ ထို့နောက် ညစာကို ရွှေမြန်မာစားသောက်ဆိုင်တွင်ဘူဖေးသုံးဆောင်ပါမည်။ ပြီးလျှင် ဟိုတယ်သို့ ပြန်ကာ အနားယူအိပ်စက်ပါမည်။

ရီးစဉ် ၄ ရက်နေ့ - ပုဂံ (ပုပ္ပါး) =>  ရန်ကုန်

မနက်စာသုံးဆောင်ပြီး ဟိုတယ် check outလုပ်ကာ ပုပ္ပါးသို့ခရီးဆက်ပါမည်။ နေ့လည်စာကို ကျောက်ပန်းတောင်းတွင် သုံးဆောင်ကာ ရန်ကုန်သို့ဆက်လက်ထွက်ခွာပါမည်။ ညအချိန်တွင် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။

 

ခရီးစဉ်တွင်ပါဝင်သောဝန်ဆောင်မှုများ

  • ဟိုတယ်တွင် (၂ ည) တည်းခိုခွင့်
  • 44 Seaters (Express Bus)
  • ရေကူးကန်အသုံးပြုခွင့်
  • Wifi အသုံးပြုခွင့်
  • Sunset Boat
  • စနိုးတာဝါ နှင့် ရေသန့်ဗူးများ
  • အဆာပြေမုန့်နှင့်အအေး
  • အစားအသောက် (breakfast,Lunch,Dinner= 7 Time)
  • အိမ်သုံးဆေးဝါး၊ ခရီးသွားအသက်အာမခံ
  • ခရီးစဉ်တစ်လျှောက်ဝင်ကြေးများ
  • ကျွမ်းကျင် Tour Leader နှင့် Tour Guide

 

ခရီးစဉ်တွင်မပါဝင်သောဝန်ဆောင်မှုများ

  • ခရီးစဉ်စထွက်သည့်ရက်ညစာ နှင့် အပြန်နေ့ နေ့လည်စာ
  • တစ်ကိုယ်စာအသုံးစားရိတ်များ