ရန်ကုန် – ဘားအံ – တောင်ဝိုင်း – ရန်ကုန် [ ၃ရက် / ၂ ညအိပ် ခရီးစဉ် ] – Phoe Thar Gyi Travels & Tours

Day 1     [နေ့လယ်စာ / ညစာ]

မနက်ပိုင်းတွင် ရန်ကုန်စုရပ်မှ ဘားအံမြို့သို့ထွက်ခွါပါမည်။ ညနေပိုင်းတွင်ဘားအံမြို့သို့ရောက်ရှိပြီး ဟိုတယ် check in ဝင်ပြီး ခေတ္တအနားယူပါမယ်။ ထို့နောက် ရွှေရင်မျှော်ဘုရားကိုဖူးမြော်ရင်း သံလွင်မြစ်၏ နေဝင်ဆည်းဆာအလှတရားကို ခံစားကြပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင်အေးချမ်းစွာ အိပ်စက်အနားယူပါမည်။ 

 

Day 2    [နံနက်စာ / နေ့လယ်စာ / ညစာ]

နံနက်စာသုံးဆောင်ပြီးနောက် ဘားအံမြို့တွင်းလည်ပတ်ခြင်းစတင်ပါမည်။ ဒုတိယနေ့လည်ပတ်ရန်နေရာများမှာ ကော့ကသောင်ဂူ၊ မဟာဆဒ္ဒန်ဂူ၊ လုံဗ္ဗဏီဥယျာဉ်၊ ကျောက်ကလပ်ဘုရား၊ ဇွဲကပင်တောင်ခြေတို့ပါဝင်ပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင်အေးချမ်းစွာ အိပ်စက်အနားယူပါမည်။ 

 

Day 3    [နံနက်စာ / နေ့လယ်စာ]

ယနေ့နံနက်စောစောတွင် တောင်ဝိုင်းတောင်ခြေသို့မောင်းနှင်ပါမည်။ ပေပေါင်း ၂၆၀၀ ကျော်မြင့်မားသော တောင်ဝိုင်းတောင်တက်ခရီးစတင်ပါမည်။ တောင်ပေါ်သို့ရောက်ရှိပါက တောင်များဝန်းရံလျက်ရှိသော တောင်ဝိုင်းတောင်ထိပ်မှ အစိမ်းရောင်လယ်ကွင်းများ စိုက်ခင်းများ ဘားအံမြို့ရှု့ခင်းကို လွှမ်းခြုံရှု့မြင်ခံစားနိုင်ပါသည်။ ထို့နောက်တောင်ပေါ်ပြန်ဆင်းပြီးတောင်ခြေတွင် ခဏအနားယူပါမည်။ နံနက်စာသုံးဆောင်ပြီးနောက် ရန်ကုန်သို့ပြန်လည်ထွက်ခွါပါမည်။ 

 

ခရီးစဉ်တွင်ပါဝင်သော ဝန်ဆောင်မှုများ 

  • ဟိုတယ်တွင် (၂) ညတာ တည်ခိုခြင်း (မနက်စာအပါအဝင်)
  • အဆင့်မြင့်လေအိတ် Air Con ကား
  • အရာသာကောင်းမွန်သော နံနက်စာ ၊ နေ့လယ်စာ နှင့် ညစာ
  • စနိုးတာဝါနှင့် ရေသန့်ဗူး (နေ့စဉ်)
  • ခရီးသွားအာမခံကြေး
  • ခရီးသွားအဖွဲ့ခေါင်းဆောင်
  • အိမ်အရောက်လက်မှတ်ပို့ပေးမည့်ဝန်ဆောင်မှု
  • တဆင့်သွားစက်လှေခများ

 

ခရီးစဉ်တွင်မပါဝင်သောဝန်ဆောင်မှုများ

  • ခရီးစဉ်တွင်ဖော်ပြထားခြင်းမရှိသောဝန်ဆောင်မှုနှင့်အသုံးစားရိတ်များ
  • ခရီးသွားဧည့်သည်တော်များ၏တစ်ကိုယ်ရေအသုံးစားရိတ်များ