ရန်ကုန် – ဘားအံ – မော်လမြိုင် – ရန်ကုန် [ ၅ရက် / ၄ ညအိပ် ခရီးစဉ် ] – Phoe Thar Gyi Travels & Tours

Day 1 - ရန်ကုန် - ဘားအံ    [ နေ့လယ်စာ / ညစာ  ]

နံနက်စောစော ရန်ကုန်စုရပ်မှ ဘားအံမြို့သို့ စတင်ထွက်ခွါပါမည်။ နေ့လယ်စာသုံးဆောင်ရန် စားသောက်ဆိုင်တွင် ရပ်နားပေးပါမည်။ ညနေပိုင်းတွင် ဘားအံမြို့သို့ရောက်ရှိပြီး ဟိုတယ်တွင် Check in လုပ်ကာ ခေတ္တအနားယူပါမည်။ ထို့နောက် ရွှေရင်မျှော်ဘုရား သွားရောက်လည်ပတ်ကာ သံလွင်မြစ်၏ ဆည်းဆာအလှတရားကိုခံစားကြပါမည်။ ဘားအံမြို့ညဈေးတန်းသို့ သွားရောက်လည်ပတ်ရင်း ညစာ သုံးဆောင်ပါမည်။ ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။ 

 

Day 2 -  ဘားအံမြို့တွင်းလည်ပတ်ခြင်း    [နံနက်စာ / နေ့လယ်စာ / ညစာ]

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဘားအံမြို့တွင်းလည်ပတ်ခြင်းခရီးစဉ် စတင်ပါမည်။ ယနေ့လည်ပတ်မှုများတွင် ဘားအံမြို့၏အထင်ကရနေရာများဖြစ်သည့် ကော့ကသောင်ဂူ၊ မဟာဆဒ္ဒန်ဂူ ၊ ဇွဲကပင်တောင်ခြေ ၊ လုံဗိနီဥယျာဉ်၊ ကျောက်ကလပ်စေတီတော် စသည့် သဘာဝတရားများ၏အလှတရားများကို အပြည့်အဝ ခံစားရရှိနိုင်မည့် နေရာများပါဝင်ပါသည်။ (ခရီးစဉ်အတွင်း ဒေသထွက်ကုန်ပစ္စည်းများ ၊ အမှတ်တရလက်ဆောင်ဝယ်ယူနိုင်သည့်ဆိုင်များတွင် ရပ်ပေးပါမည်)။ ညစာကို Local Restaurant တွင်သုံးဆောင်ပါမည်။ ဟိုတယ်တွင်အိပ်စက်အနားယူပါမည်။

 

Day 3 -  ဘားအံ - မော်လမြိုင်    [နံနက်စာ / နေ့လယ်စာ / ညစာ]

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး မော်လမြိုင်မြို့သို့ စတင်ထွက်ခွါပါမည်။ မြန်မာနိုင်ငံ၏တတိယအကြီးဆုံးမြို့တော်ဖြစ်သည့် မော်လမြိုင်မြို့သို့ သွားရောက်ရာခရီးလမ်းတစ်လျှောက်ရှိ စိတ်ဝင်စားဖွယ်နေရာများဖြစ်သည့် နှစ်ပေါင်း ၁၃၀ ကျော်သက်တမ်းရှိ ရတနာပုံခေတ်လက်ရာကျောင်းတိုက်တစ်ခုဖြစ်သည့်  စိန်တုန်းကျောင်း (ရတနာဘုံမြင့်ကျောင်း) ၊ မြန်မာနိုင်ငံရှိပထမဆုံး ဗြိတိသျှဘုရားကျောင်းဖြစ်သော စိန့်မက်သယူးဘုရားကျောင်း တို့ကိုလည်ပတ်ပါမည်။ နေ့လယ်စာကို Local Restaurant တွင် သုံးဆောင်ပါမည်။ ဟိုတယ်တွင် Check in လုပ်ကာ ခေတ္တအနားယူပါမည်။ ညနေပိုင်းတွင် မော်လမြိုင်မြို့၏ အကြီးဆုံးစေတီတစ်ဆူဖြစ်သည့် သံလွင်တောင်စွယ်တွင် တည်ရှိသော ကျိုက်သလ္လံစေတီတော်ကို သွားရောက်ဖူးမြော်ရင်း မော်လမြိုင်မြို့၏ နေဝင်ဆည်ဆာအလှတရားကို ကြည့်ရှု့ခံစားပါမည်။ ညစာကို Local Restaurant တွင် သုံးဆောင်ပါမည်။ ဟိုတယ်တွင်အိပ်စက်အနားယူပါမည်။

 

Day 4 - သံဖြူဇရပ် - ဝင်းစိန်တောရ    [ နံနက်စာ / နေ့လယ်စာ / ညစာ  ]

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး သံဖြူဇရပ်မြို့ရှိ မြန်မာနိုင်ငံ၌ဖွင့်လှစ်သော ပထမဆုံးစစ်သင်္ချိုင်းတစ်ခုဖြစ်သည့် (ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်စစ်သုံ့ပန်းများအဖြစ် မြန်မာ-ထိုင်းနယ်စပ် မီးရထားလမ်းဖောက်လုပ်စဉ် သေဆုံးခဲ့ကြသည့် နိုင်ငံတကာစစ်မှုထမ်းများ နှင့် အာရှချွေးတပ်သားစုစုပေါင်း ၃၇၇၁ ဦးမြှုပ်နှံ့ထားရာ) သံဖြူဇရပ်စစ်သင်္ချိုင်း နှင့် သေမင်းတမန်ရထားလမ်းပြတိုက်တို့ကို သွားရောက်လေ့လာပါမည်။ နေ့လယ်စာကို Local Restaurant တွင် သုံးဆောင်ပါမည်။ 

ထို့နောက် ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူရုပ်ပွားတော်မြတ်ကြီးဖြစ်သည့် ဝင်းစိန်တောဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ပါမည်။ ညစာကို Local Restaurant တွင် သုံးဆောင်ပါမည်။ ဟိုတယ်တွင်အိပ်စက်က်အနားယူပါမည်။

 

Day 5 - ရန်ကုန် - မော်လမြိုင်    [ နံနက်စာ / နေ့လယ်စာ ]

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး နေ့လယ်စာသုံးဆောင်ရန် စားသောက်ဆိုင်တွင် ရပ်နားပေးပါမည်။ ညနေပိုင်းတွင် ရန်ကုန်ရွှေမြို့တော်သို့ ရောက်ရှိပါမည်။

 

***ပျော်ရွှင်ဖွယ်ခရီးစဉ်လေး ပြီးပါပြီ။***

 

ခရီးစဉ်တွင်ပါဝင်သော ဝန်ဆောင်မှုများ 

  • ဟိုတယ်တွင် (၄) ညတာ တည်ခိုခြင်း
  • အဆင့်မြင့်လေအိတ် Air Con ကား
  • အရာသာကောင်းမွန်သော နံနက်စာ ၊ နေ့လယ်စာ နှင့် ညစာ
  • စနိုးတာဝါနှင့် ရေသန့်ဗူး (နေ့စဉ်)
  • ခရီးသွားအာမခံကြေး
  • ခရီးသွားအဖွဲ့ခေါင်းဆောင်
  • အိမ်အရောက်လက်မှတ်ပို့ပေးမည့်ဝန်ဆောင်မှု
  • တဆင့်သွားစက်လှေခများ

 

ခရီးစဉ်တွင်မပါဝင်သောဝန်ဆောင်မှုများ

  • ခရီးစဉ်တွင်ဖော်ပြထားခြင်းမရှိသောဝန်ဆောင်မှုများ 
  • ခရီးစဉ်တွင်ဖော်ပြထားခြင်းမရှိသော အသုံးစားရိတ်များ
  • ခရီးသွားဧည့်သည်တော်များ၏တစ်ကိုယ်ရေအသုံးစားရိတ်များ